တမူးခရိုင်၊ မြို့သစ်မြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မြို့သစ် ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ စည်ပင်သာယာရေးအဖွဲ့မှ မြို့ရွာများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထားဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရံပုံငွေ၊ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ထောက်ပံ့ရံပုံ ငွေနှင့် သာမန်ပြင်ထိန်းလုပ်ငန်းများမှ သဲကျောက်လမ်း(၂)လမ်း၊ ကွန်ကရစ်လမ်း (၁) လမ်း၊ ကွန်ကရစ်တံတား (၃) စင်း၊ စက်ရေတွင်း(၁)တွင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာ ငွေလုံးငွေရင်းရံပုံဖြင့် မြို့သစ်မြို့၊ အောင်သစ္စာလမ်း ချောင်းသဲကျောက်ခင်းခြင်း (၃၀၀၀'×၁၂×'၆")၊ မင်းသာကျေးရွာ တွင်း လမ်းချောင်းသဲကျောက်ခင်းခြင်း (၃၀၀၀'×၁၂'×၆")၊ မင်းသာကျေးရွာတွင် ကွန်ကရစ် တံတား တည်ဆောက်ခြင်း (၁၅'×၅'×၃')၊ မြို့သစ်မြို့၊ အထက်တန်းကျောင်း ဝင်းအတွင်း စက်ရေတွင်းတူးခြင်း (၂၀၀') လုပ်ငန်းတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း စည်ပင် သာယာရေး အဖွဲ့၏ ထောက်ပံ့ရံပုံငွေဖြင့် မြို့သစ်မြို့၊ မြို့မလမ်းအား ကွန်ကရစ်လမ်း ခင်းခြင်း (၆၅၀'×၁၂'×၆") လုပ်ငန်းအား လည်းကောင်း၊ သာမန်ပြင်ထိန်းအနေဖြင့် (၁၆'×၅'×၃') ရှိ ကွန်ကရစ်တံတား (၂) စင်းတို့ကို  တည်ဆောက်နိုင်ခဲ့ပြီး လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်ကြောင်း မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)