ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ သုံးလက်မကျော်တိုး

ခန္တီး    ဩဂုတ်   ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၁၃၆၀ စင်တီမီတာရှိရာ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ ၁၁၇၃ စင်တီမီတာရှိပြီး နံနက် ၉ နာရီခွဲတိုင်းထွာ ချက်အရ မိုးရေချိန် ၃ ဒသမ ၃၁ လက်မရှိကာ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ ၁၁၈၅ စင်တီမီတာ ရှိကြောင်းနှင့် ချင်းတွင်မြစ်ရေ သုံးလက်မကျော် တိုးလာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းထွာရေး(၄) ဦးဂျွန်တူးအောင် ပြောပြချက်အရ သိရသည်။

မိုးအဆက်မပြတ် ဆက်လက်ရွာသွန်းပါက ချင်းတွင်းမြစ်ရေ တိုးလာနိုင်ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)