ဘီးလင်း ဩဂုတ် ၁၄
ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများအတွက် စျေး၊ စားသောက်ဆိုင်၊ လက်ဖ္ဘက် ရည်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး အဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာ၌ ဘီးလင်းမြို့ မင်္ဂလာစျေး အတွင်း ဈေးရောင်း၊ ဈေးဝယ်နေကြသူများအား Mask များတပ်ဆင်ထားခြင်းရှိ၊ မရှိ စစ်ဆေးခဲ့ကြပြီး Mask များ စနစ်တကျ တပ်ဆင်ရေးပညာပေးဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့သည် ရပ်ကွက်အတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသည့် လက်ဖ္ဘက်ရည် ဆိုင် များ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များသို့ သွားရောက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ အတိုင်းလိုက်နာ ရောင်းချနေခြင်းရှိ၊မရှိတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးအောင်ဇော်မင်းက ဆိုင်များတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ပညာပေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထူးနောင် (ဘီးလင်း)