ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုက​ရေစီအ​ထွေ​ထွေ ​ရွေး​ကောက်ပွဲ​အောင်မြင်စွာ ကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်း​အဝေး ကျင်းပ

ကျိုက်မ​ရော သြဂုတ် ၁၄

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုက​ရေစီအ​ထွေ​ထွေ ​ရွေး​ကောက်ပွဲ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ နေ့လယ်၂နာရီက မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲရုံးအစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရှင်က ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းကပ်ထား​ကြေညာ ခြင်းနှင့် ပတ်သက်ပြီး မဲစာရင်းလာ​ရောက်ကြည့်ရှုမှု အ​ခြေအ​နေ၊ ပုံစံ(၃)၊ ပုံစံ၄၊ ပုံစံ(၄-ဂ)​လျှောက်ထား​ဆောင်ရွက်မှုအ​ခြေအ​​နေ၊ မဲရုံ ၉၈ရုံ အတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများအား သင်တန်းပို့ချသွားမည့် အ​ခြေအ​​နေ အစီအမံများ မဲရုံလုံခြုံ​ရေးအတွက် အထူးရဲခန့်အပ်မှု အ​ခြေအ​​​နေ တို့ကို ရှင်းလင်း​ ဆွေး​နွေးခဲ့သည်။

ဆက်လက်၍​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲအတွင်း​ရေးမှူး ​ဒေါ်အိသဲလင်းက မဲစာရင်း​များ မှန်ကန်​ရေးအတွက် အခြား ဌာနဆိုင်ရာများမှ ​ပေးပို့လာ​​သော ဝန်ထမ်းများ၏ အကူအညီကိုယူ၍ မဲစာရင်းပုံစံများ မှန်ကန်မြန်ဆန်​ရေးအတွက်​ ပူး​ပေါင်း ​ဆောင်ရွက်လျက်ရှိ​ကြောင်း ရှင်းလင်း​​တင်ပြခဲ့သည်။

ထို့​နောက် လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးဦးသန်းထိုက်က လူဦး​ရေစာရင်းနှင့် ပတ်သက်၍ အသက်၁၈နှစ်ပြည့်ပြီးမဲစာရင်းတွင် ပါဝင်ပြီး နိုင်ငံသားစိစစ်​ရေး ကတ်ပြားမရှိ​သေးသူများအတွက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်း​ကာ ဒုတိယအကြိမ် မဲစာရင်း​ကြေညာထားရာတွင် အဆင်​ပြေ​စေရန် အချိန်မီ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း တင်ပြ​ ဆွေး​နွေးကာ သက်ဆိုင်ရာ​ကော်မရှင် အဖွဲ့ခွဲဝင်များက ကဏ္ဍ အလိုက် တင်ပြ​ ဆွေး​နွေးခဲ့ကြ သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးသို့ မြို့နယ်​ရွေး​ကောက်ပွဲ ​ကော်မရှင်အဖွဲ့ခွဲဝင်(၁၆)ဦးတက် ​ရောက်ခဲ့​ကြောင်း သိရှိရသည်။

 ချိုချို (ပြန်/ ဆက်)