မွန်ပြည်နယ်၊မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်

မုဒုံ သြဂုတ် ၁၇

မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီခွဲက အစည်းအဝေးပြုလုပ်ခဲ့သည်။

အစည်းအဝေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဝင်းက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီများကို ရပ်မိ/ရပ်ဘ(၅)ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း​၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးမှ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး အချက်များကို ရှင်းလင်း ပြောကြား ခဲ့သည်။

မုဒုံမြို့နယ်တွင်မဲဆန္ဒရှင်ပြည်သူများစာရင်းကို ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ ထုတ်ပြန်ကြော်ငြာခဲ့ရာ လာရောက် ကြည့်ရှုသူဦးရေ (၂၂၈၈၂)ဦးရှိပြီး ပုံစံ(၃)ဖြင့်အမည်မပါဝင်သူ လာရောက်လျှောက်ထားသူဦးရေ (၁၆၄၀)ဦး၊ ပုံစံ (၄ဂ)ဖြင့်ကိုယ်ရေးအချက်အလက်များမှားယွင်ပြင်ဆင်သူဦးရေ(၁၆၈၇)ဦးနှင့်ပုံစံ(၄)ဖြင့်မဲစားရင်းတွင်မပါဝင်သင့်သူ ဦးရေ(၇၈၅)ဦးရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)