တမူးမြို့တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာ မြို့နယ်များသို့ စနစ်တကျ ထွက်ခွာခွင့်ပြု

တမူး သြဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ နေရပ်ပြန် ပြည်သူများအားတမူးမြို့ ၊နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း (BRTF) Quarantine Centre တွင်(၂၁)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ပြီး လည်းကောင်းတို့၏ အာခေါင်တို့ ဖတ်နမူနာများအား မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့၍ ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရှိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူများမှာ ကချင်ပြည်နယ်မှ (၁၁) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၅) ဦး၊ စုစုပေါင်း (၁၆) ဦးတို့အား ယနေ့ နေ့လယ် (၁၂) နာရီခွဲ အချိန်တွင် ကျန်းမာ​ရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ကျန်းမာရေး ထောက်ခံချက်များ ပေးအပ်ခဲ့ပြီး မိမိတို့မြို့နယ်ရှိ နေအိမ်တို့တွင် Home Quarantine ဆက်လက်ဝင်ရောက် နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး စနစ်တကျ ပြန်လည်ထွက်ခွာ စေခဲ့ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)