ဒီးမော့ဆို မတ် ၆
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် ကျေးရွာအားကစားကွင်း ဖော်ဆောင် နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့သည်။
ထို့သို့ သွားရောက်ပေးအပ်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်နှင့် တာဝန်ရှိသူများက ကျေးရွာပြည်သူလူထုများနှင့် တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးကြပြီး ကျေးရွာအားကစားကွင်း ဖော်ဆောင် နိုင်ရန်အတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်းနှင့် အားကစားပစ္စည်းများကို ကျေးရွာပြည်သူလူထု များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)