လွိုင်ကော် − ဒီးမော့ဆို လမ်းပိုင်းအား အဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်

လွိုင်ကော် မတ် ၄

လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ချင်းဆက်လမ်းအား မူလ (၁၈) ပေ အကျယ်မှ ယခု (၂၄) ပေအထိ အဆင့်မြှင့်တင်တိုးချဲ့ခြင်း၊ လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

လွိုင်ကော် − ဒီးမော့ဆိုလမ်းပိုင်းကတော့ ယခင်က ၁၂ ပေသာရှိတယ်  ၁၂ ပေ ကနေပြီး ၁၈ ပေကကြတော့ကျွန်တော်တို့ ၂၀၁၃− ၂၀၁၄ ပြီးတော့ ၂၀၁၄ −၂၀၁၅ ကစတင်ပြီးချဲ့တယ်  ယခု ၁၈ ပေ ကနေပြီး ၂၄ ပေကိုတော့ ပြီးခဲ့တဲ့ ၂၀၁၆ −၂၀၁၇ ကစတင်ပြီးချဲ့ခဲ့တယ် ၂၀၁၆ −၂၀၁၇ ကတော့ ကျွန်တော်တို့ လွိုင်ကော်မြို့ မြို့တွင်းအပိုင်းပေါ့ မိုင်းလုံးကနေပြီးတော့ ပန်ကန်းအထိ ၊ နောက်ပြီးတော့ ၂၀၁၈−၂၀၁၉ ၊ ၂၀၁၉−၂၀၂၀ ကြတော့ ပန်ကန်းကနေစပြီးတော့ ပန်ကန်း အပိုင်းချဲ့တယ် ပြီးတော့ ငွေတောင်အပိုင်းချဲ့တယ် ၊ ကြားထဲမှာ Gap အပိုင်းကျန်တယ် ၊ Gap  ကဘယ်လောက်ကျန်လဲဆိုရင် ၅ မိုင် ၇ ဖာလုံ ကျန်တယ် ဒီနှစ်မှာ ၅ မိုင် ၇ ဖာလုံကိုချဲ့နေတာဖြစ်ပါတယ် အဲ့တာကြောင့် ဒီနှစ်ကုန်ကြရင် လွိုင်ကော် −ဒီးမော့ဆို အထိက ၂၄ ပေ အထိဖြစ်သွားမှာပါဟု ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ် ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်ဖြူ က ပြောသည်။

လွိုင်ကော် − ဒီးမော့ဆို လမ်းပိုင်းကို ခွင့်ပြုရန်ပုံငွေ အနေဖြင့် ၂၀၁၇ −၂၀၁၈ ချဲ့တာရယ် ၊ ၂၀၁၈−၂၀၁၉ ချဲ့တာရယ် ၊ ၂၀၁၉−၂၀၂၀ ချဲ့တာရယ် တစ်နှစ်ပြီးတစ်နှစ်ချဲ့သွားတာ အားလုံး ပေါင်းလိုက်ရင် (၁.၉) ဘီလီယံ သန်း ၁၉၀၀ ရာလောက်ရှိတယ် ယခုနှစ်မှာ အပြီးဆောင်ရွက် သွားမယ် ကတ္တာရာလမ်းဖြစ်တဲ့အထိ အခုခင်းနေတာ ကျွန်တော်တို့ တစ်ချို့နေရာကိုလမ်းရဲ့ ခံနိုင်ရည်ကို ပြန်စမ်းတယ် အချို့နေရာမှာလက်ရှိလမ်းသားကိုလည်းအသစ်ပြန်တင်ရတာရှိတယ် တစ်ချို့နေရာကိုတော့ တင်စရာမလိုဘူး လက်ရှိလမ်းရဲ့ ခံနိုင်ရည်ကိုတော့ စမ်းပြီးသွားပြီ တောက်လျှောက်တော့ကတ္တာရာ လောလောဆယ်ဆယ်တော့ Sub-Base  အဲ့အဆင့်ခင်းတယ် ဆိုတာ ကတ္တာရာအဆင့်မရောက်သေးဘူး အားလုံး ဖိုင်နယ်ရောက်မှ  ကတ္တာရာဘဲ ၊ ဒီနှစ်ချဲ့မဲ့ ဟာက ၅ မိုင် ၇ ဖာလုံ ကျန်တာကတော့ ပြီးခဲ့တဲ့နှစ်ကချဲ့ခဲ့တာ  ၊ လွိုင်ကော် နဲ့ ဒီးမော့ဆို လမ်းက အားလုံး ၁၁ မိုင် ရှိတယ် အဲ့ဒီ ၁၁ မိုင်မှာ ပြီးခဲ့တဲ့ ၂၀၁၇−၂၀၁၈ ၊ ၂၀၁၈−၂၀၁၉  ချဲ့တဲ့ ဟာကို နုတ်လိုက်ရင် ဒီနှစ်မှာ  ၅ မိုင် ၇ ဖာလုံကို ဆောင်ရွက်နေတာဖြစ်ကြောင်း ဝန်ကြီး ထံမှသိရသည်။

လွိုင်ကော်  − ဒီးမော့ဆို လမ်းသည် ယခင်နှစ်များထက် ယာဉ်အသွားအလာပိုမိုများပြားလာခြင်း ၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ခြင်း ၊ ခရီးသွား ဧည့်သည် မော်တော်ယာဉ်များပိုမို ဝင်ရောက်လာခြင်း လမ်းများကို ပိုမိုကောင်းမွန် အောင်အဆင့်မြှင့်တင် ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်းသိရသည်။

ထွန်းလေး