သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားတွေ့ဆုံ၊ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြော်
Dec 14,2025
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ(ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်စုပေါင်း လမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ
Dec 14,2025
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအားလူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း ဒီဇင်ဘာလူထု အားကစားလ ဒုတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်ကြည့်ရှုအားပေး
Dec 14,2025
(၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီ အားကစားကွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ အားကစားအသင်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့ပေါ်ရှိ မဲဆန္ဒရှင် ပြည်သူများအား “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် စတစ်ကာများဖြန့်ဝေခြင်း၊ ဆောင်ရွက်နေမှုလိုက်လံကြည့်ရှု
Dec 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန် သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
ကော့မှူးတွင် သွင်းအားစု၊ ဓာတ်မြေဩဇာ၊ ပိုက်ဆံလျှော်၊ နေကြာမျိုးစေ့၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ Drum Seeder ၊ နေကြာစံကွက်စိုက်ပျိုးခြင်းနှင့် စွမ်းအားမြှင့် မီးဖိုများ ပေးအပ်ပွဲကျင်းပ
Dec 14,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ထန်းတစ်ပင်‌ကျေးရွာ ဦးမောင်စိုးလယ်၌ သွင်းအားစု၊ ဓာတ်မြေဩဇာ၊ ပိုက်ဆံလျှော်၊ နေကြာမျိုးစေ့ကိရိယာ  Drum Seeder ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၃ ရက်က အဆိုပါလယ်၌ကျင်းပခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်၌ တောင်သူများသို့ မျိုးစေ့ချကိရိယာများ၊ သွင်းအားစု ဓာတ်မြေဩဇာထောက်ပံ့၊ နွေစပါး စိုက်လက်တွေ့သရုပ်ပြသ
Dec 14,2025
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တောင်သူများသို့ မျိုးစေ့ချကိရိယာ(Drum Seeder)များ၊ သွင်းအားစုဓာတ်မြေဩဇာထောက်ပံ့ခြင်းနှင့် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့နယ် ဘယက်ကျေးရွာ တောင်သူဦးကျော်ဝင်းနိုင်၏ ဧက( ၁၀၀)လယ်မြေ၌ ကျင်းပသည်။
မိုင်းဆတ်မြို့၌ “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူ
Dec 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံးပါဝင်မဲပေးနိုင်ရေးတို့အတွက် ဒို့အတူ တူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်က “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ပြည်သူ့ဆေးရုံ ရှေ့လမ်းဆုံ၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ဝါးခယ်မတွင် ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုး စိုက်ပျိုးပြသ
Dec 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ ကွင်းအမှတ် ၁၀၁၄၊ ဦးပိုင်အမှတ် ၁/၁ တောင်သူ ဦးဝင်းဗိုလ်၏ လယ်မြေတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုးအား စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။