သတင်းများ

ပုဇွန်တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းသား/သင်တန်းသူများအား ကျန်းမာရေးအခမဲ့ဆေးကုသစောင့်ရှောက်‌ပေး
May 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌  အခြေခံပန်းချီရေးဆွဲနည်း သင်တန်းသား/သင်တန်းသူများအား  ကျန်းမာရေးအခမဲ့ဆေးကုသစောင့်ရှောက်‌ပေးခဲ့သည်။
ကျောက်ဆည်မြို့၌ အချိန်စေ့ချေးငွေပြေကျေပြီးသော တောင်သူလယ်သမားများအား ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 13,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက အချိန်စေ့ချေးငွေပြေကျေပြီးသော တောင်သူလယ်သမားများအား ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ အခြေခံမွေးမြူရေးသင်တန်း (နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ) ဖွင့်လှစ်
May 13,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့နံနက်ပိုင်းက အခြေခံ(နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ)မွေးမြူရေးသင်တန်းဖွင့်လှစ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းခန့်က သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ခန္တီးမြို့၌ ‌‌ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ
May 13,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နိုင်ငံတော်အစိုးရမှဆပ်ကပ်သော အဂ္ဂမဟာကမ္မဌာနာစရိယ ဘွဲ့‌တံဆိပ်တော်ရ ဘဒ္ဒန္တနန္ဒပါလနှင့် နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်(မန္တလေး)မှ သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) ဘွဲ့ရ အရှင်သီရိပါလတို့၏ ‌‌ဂုဏဝိသိဌပူဇာမင်္ဂလာအခမ်းအနားကို ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က မြသိန်းတန်စေတီ၊ မြို့ညွှန့်ဗိမာန်၌ ကျင်းပသည်။
ဘီးလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စေတနာ့ဝန်ထမ်းလူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်
May 13,2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်သော စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သား သင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေါင်မြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ရက် (၁၀၀) စီမံချက်ဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
May 13,2026
မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ခန့်ကျော်၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးရဲမြင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည်ရှုခဲ့ကြသည်။
ဘားအံမြို့၌ စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် စက်သုံးဆီများ ဆက်လက်ရောင်းချ
May 13,2026
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ ဆောင်ရွက်သည်။
သာကေတမြို့နယ်ရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်တည်ဆောက်ရေးအတွက် ပဉ္စမအကြိမ် အလှူငွေပေးအပ်
May 13,2026
ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်ကျက်သရေဆောင် ဇိနမာရ်အောင် စေတီတော်မြတ်ကြီးနှင့်အရံစေတီတော်(၈)ဆူတို့အား စတုတ္ထအကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်တည်ဆောက်ရေးအတွက် ပဉ္စမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်ရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ကျင်းပသည်။