သတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များ ထုတ်ယူခြင်း၊ Installation ပြုလုပ်ခြင်း၊ စက်စမ်းသပ်ခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆာင်ရွက်
Dec 13,2025
အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ နှင်းဆီလမ်းရှိ အလုံမြို့နယ်ခန်းမ၌ ယမန်နေ့ညနပိုင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များ ထုတ်ယူခြင်း၊ Installation ပြုလုပ်ခြင်း၊ စက်စမ်းသပ်ခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့သည်။
မိုင်းတုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Dec 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းဝန်း၌ ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ်ပညာရေး၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူကုန်ကူမှုကာကွယ်တားဆီ‌ရေးနှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့ပူး‌ပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်၌ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲ ပျော်ရွှင်စွာဆင်နွှဲ
Dec 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီကကျင်းပရာ ကမာရွတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်းအင်အား (၄၀၀)ဦးခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲများကျင်းပ
Dec 13,2025
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး အမျိုးသားအားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲစေရေး ရည်ရွယ်၍ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးအသီးရှိ မြို့နယ်များတွင် ကျင်းပလျက်ရှိပါသည်။
တောင်ငူမြို့၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 13,2025
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအားလူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ စုပေါင်းဆောင်ရွက်လေ့ရှိရာ ယနေ့နံနက် ၅ နာရီခွဲက တောင်ငူမြို့၊ မိုင်ဒါကွင်း၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့၌ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်
Dec 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက တစ်မျိုးသားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလ(ဒုတိယပတ်)  လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့က စတင်၍ ဒေးဒရဲ-ဖျာပုံ ကားလမ်းမတစ်လျှောက်မှ မြို့မဘောလုံးကွင်းသို့  ပျော်ပျော်ပါးပါး စုပေါင်းဆင်နွှဲခဲ့ကြသည်။
အမရပူရမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Dec 13,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်‌ဆေး ဆောင်ရွက်လျက်ရှိ
Dec 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ကော်မရှင်ဝန်ထမ်းများပေါင်းစပ်၍ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။