ရွှေဘိုမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်
Dec 09,2025
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်း မီးလန့်မူ မီးလောင်မူများ မဖြစ်ပွားစေရေးအတွက် ပြည်သူများ မီးဘေးအသိ မီးဘေးသတိရှိစေရန် ယမန်နေ့ နေ့လယ် ၁၂ နာရီ ၃၀ နာရီအချိန်တွင် ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသန်းထိုက်အောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့၀င် (၄) ဦးတို့သည် ရပ်ကွက် (၆) ရပ်ကွက်တွင် မီးဘေးကြိုတင်ကာကွယ် ရေးလှည့်လည် သတိပေးနှိုးဆော်ခြင်းဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။