သတင်းများ

တပ်ကုန်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားသည့်နေရာများ၊ ရပ်ကွက်နှင့် ဈေးတွင် ဖြန့်ဝေပေးခဲ့သည်။
ဟင်္သာတမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲပြုလုပ်
Dec 05,2025
ဟင်္သာတမြို့ အ.လ.က (၄) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီချိန်က ရွှေဂူကြီးမင်းကျောင်း  ရတနာရွှေဂူနှစ်ထပ်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သဲကုန်း​မြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ် စာစောင်နှင့် နံရံစာ​​စောင်ပြပွဲကျင်းပ
Dec 05,2025
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံစာ​​စောင်ပြပွဲကို ယမန်နေ့က အ.မ.က(ပျားစည်)၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင်၂၀၂၅-၂၀၂၆ပညာသင်နှစ် KG ကျောင်းသူ/ကျောင်းသားများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် KG ကျောင်းသူ/ကျောင်းသားများ ကိုကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းက ဒူးယား အ.ထ.က ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့်မြစ်ရေယာဉ်(စကု)၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရွာသစ်ကျေးရွာသို့ရောက်ရှိ၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်
Dec 05,2025
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်ရွှေပုဇွန်နှင့် မြစ်ရေယာဉ်စကုတို့သည် ယမန်နေ့ နေ့လယ်ပိုင်းတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်ဘုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ သို့ရောက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ကျိုက်မရော၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပါဝင်နိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 05,2025
 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
မော်လမြိုင်မြို့ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Dec 05,2025
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများရှေ့မှောက်တွင်ပြောရဲ၊ ဆိုရဲသည့်သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၇) ခြေခံပညာအထက်တန်းကျောင်း (ကျောင်းခန်းမ) ၌ ကျင်းပပြုလုပ်သည်။
တောင်ငူမြို့နယ်၌ သမဝါယမအသင်းပိုင် ငါးမွေးမြူရေးကန်မှ စွမ်းအားပြည့် မွေးမြူထုတ်လုပ်နိုင်ရေးနှင့် ဆောင်းဆီထွက်သီးနှံ မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Dec 05,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ သမဝါယမအသင်းပိုင် ငါးမွေးမြူရေးကန်မှ စွမ်းအားပြည့် မွေးမြူထုတ်လုပ်နိုင်ရေးနှင့် ဆောင်းဆီထွက်သီးနှံ မြေပဲပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တောင်ငူမြို့နယ် သမဝါယအသင်းပိုင်ငါးမွေးမြူရေးကန်ကို ကြည့်ရှုစစ်ဆေးသည်။