မအူပင်မြို့နယ်၌ ထနီဒေါင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်
Aug 10,2020
မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဝါးတောကျေးရွာအုပ်စု ထနီဒေါင့်ကျေးရွာတွင် ထနီဒေါင့် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲနှင့် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆောက်အဦသစ်ရှေ့၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။