သတင်းများ

တန့်ယန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းကြေညာထားသော ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ယမန်နေ့က ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ မြေစိုက်နံရံကပ်ပြဘုတ်၌ပြသထားရှိ
Aug 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ လမ်းညွှန်ချက်များ၊ သိမှတ်ဖွယ်ရာများကို ပြည်သူများအလွယ်တကူ ဖတ်ရှု လေ့လာနိုင်ရန် ရည်ရွယ်၍ ယနေနေ့ နံနက် ၉ နာရီအချိန်က ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
သန်လျင်၌ ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ် အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 07,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်မောင်းသူများနှင့် ဆိုင်ကယ်မောင်းနှင်သူများ အား ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ် ရှင်းလင်းအသိပေးခြင်းလုပ်ငန်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းကို ယမန်​နေ့ နံနက် ၁၀ နာရီခွဲက သန်လျင်မြို့နယ် မြို့မဈေးအနီး၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 07,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခ ခန်းမ၌ ကျင်းပသည်။
ကန်ကြီးထောင့်မြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲ ကျင်းပ
Aug 07,2020
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် ပူးပေါင်းဖွင့်လှစ်ခဲ့ သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် (CFW) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၉) ရွာနှင့် (VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၇) ရွာတို့အား ကျေးရွာမတည်ရန်ပုံငွေများထုတ်ပေး
Aug 07,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) နှင့် (CFW) စီမံကိန်းများအတွက် ငွေထုတ်ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဘုရားသုံးဆူ​မြို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကြည့်ရှုစစ်ဆေး
Aug 07,2020
ဘုရားသုံးဆူမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ကပ်ထားလျက်ရှိရာ ယမန်နေ့ ၃ နာရီအချိန်၌ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (မူကြမ်း) ရှင်းလင်းပွဲပြုလုပ်
Aug 07,2020
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြိုနယ်အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ လူငယ်ရေးရာ မူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်( မူကြမ်း) ရှင်းလင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။