ချီဖွေမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Aug 05,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ် ထောင်စုလျှင် ငွေကျပ်နှစ်သောင်းတိတိကို တတိယအကြိမ် ထောက်ပံ့ခဲ့ရာ အဆိုပါ ထောက်ပံ့ငွေများကို ချီဖွေမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဌ ဦးညွှန့်ဆွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် (၁၁)နာရီ အချိန်တွင် ချီဖွေမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၏ နေအိမ်များထံ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။