သတင်းများ

ဆောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများ ပေးအပ်
Mar 17,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လ အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဆောက်လုပ်နေမှု မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေး
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂)လုံး ဆောက်လုပ်နေခြင်းကို မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက် (၉) နာရီက သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပသည်။
ဒယ်ပုတ်ကွင်းကျေးရွာ အုပ်စုတွင် စွမ်းအားမြှင့် မီးဖို ၁၅၃၄ လုံးကို ကျေးရွာ အရောက် (အခမဲ့) ဖြန့်ဝေပေး
Mar 17,2020
သစ်တောပြုန်းတီမှု ကာကွယ်‌‌စေရေး၊ လောင်စာလျှော့ချရေး၊ ကာဗွန်လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကို ရည်ရွယ်၍ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီးယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများအား မီးဖိုပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက ထန်းပင် ကုန်း ကျေးရွာ၊ ထန်းပင်ကုန်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
နမ့်ဆန်မြို့နယ် ပန်စေမိန်းကျေးရွာတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြော
Mar 17,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကယားလမ်း ကျေးရွာအုပ်စု ပန်စေမိန်းကျေးရွာ အမကကျောင်းတွင် COVID -19 ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိ ပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မယ်စဲ့မြို့နယ်အတွင်း ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 17,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 17,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့၊ အမှတ် (၆) ရပ်ကွက် ဈေးချိုတန်းလမ်းရှိ မြို့မဈေး နှင့် ဘူတာ၊ ကားဂိတ်များ၊ မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း ဦး‌ဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်အတူ
မိုင်းကိုင်မြို့နယ်၌ အရန်သားဖွား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ် အတွင်း ကျန်းမာရေး အသိပညာ ဗဟုသုတများ ပြန့်ပွားစေရေး ဝေးလံခေါင်ဖျား ကျေးလက်ဒေသများ အထိ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုများ လွမ်းခြုံနိုင်ရေး အတွက် ရည်ရွယ်၍ ယနေ့ နံနက်က မြို့နယ် ပြည်သူ့ ဆေးရုံ၌ အရန်သားဖွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။