မိုင်းယောင်း၌ COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်
Mar 16,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ COVID-19 ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုကို ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌ ယနေ့ ဆောင်ရွက်ခဲ့သည်။