ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော
Mar 06,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အကြောင်း ကြိုတင် လုပ်ဆောင်ခြင်းဖြင့် ကာကွယ်ရမည်ဆိုတဲ့ အသိတရားရရှိစေခြင်း ပြည်သူလူထုထံ ကူးစက်ပြန့်ပွားမှု မရှိစေခြင်း၊ မိမိနှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာရေး အသိပညာများ မျှဝေနိုင်စေရေး ပြည်သူလူထုအတွက် ကြီးမားသည့် အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကမော့ကချူးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ ပြုလုပ်ခဲ့သည်။