သတင်းများ

ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ Community Centreခန်းမ၌ ကျောင်းသားလူငယ်များနှင့်စာပေချစ်မြတ်နိုးသူလူငယ်များစုစည်း၍ စာဖတ် ဝိုင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲကပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပင်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆောင်ရွက်
Aug 18,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Centre ခန်းမ၌ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့် အလေ့အထ ကောင်းများနှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီက ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဝင်များက စာရေးဆရာ ဖေမြင့်ရေးသားသည့် တန်ဖိုးထား အပ်သောအရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်းကဏ္ဍများရှိ၊ ကလေးလုပ်သားစစ်တမ်းကောက်ယူနိုင်ရေး သင်တန်းဖွင့်လှစ်
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများရှိ၊ ကလေးလုပ်သားစစ်တမ်းကောက်ယူနိုင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ က ကျင်းပသည်။
ဝေါ‌လေမြိုင်မြို့ရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း ဆောင်ရွက်ပြီးစီး
Aug 18,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းအား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မော်လမြိုင်(၁၀)မြို့နယ်ဆောင်ရှိ အသွားအလာကန့်သတ်ထားရှိသည့်နေရာများတွင် ဝင်ရောက်နေသူများအား ကျန်းမာရေး စစ်ဆေး
Aug 18,2020
မွန်ပြည်နယ် မော်လမြိုင်(၁၀)မြို့နယ်ဆောင်ရှိ အသွားအလာကန့်သတ်ထားရှိသည့်နေရာများတွင် ဝင်ရောက်နေသူများထဲမှ (၁၆၅)ဦးကို ကျန်းမာရေး စစ်ဆေးမှုများ ယမန်နေ့ နေ့လယ်က ပြုလုပ်ဆောင်ရွက်ရာ Community Based Facility Quarantine ကွပ်ကဲရေး တာဝန်ရှိသူများ ကျန်းမာရေး ဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဘိုဘိုဝင်း (Rescue) အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားများ ကူညီဆောင်ရွက်ကြောင်း သိရသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Book Clubနှင့် Women Club အဖွဲ့၀င်များစာဖတ်ဝိုင်းကျင်းပ
Aug 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့်Women Clubအဖွဲ့တို့ ပူးပေါင်း၍ ဆရာဖေမြင့်၏ "တန်ဖိုးထား အပ်သောအရာများ "စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခြင်းကိုယမန်နေ့မွန်းလွဲ၂နာရီက လူထုအခြေပြု ဗဟိုဌာန  Community centreခန်းမ၌ ကျင်းပခဲ့သည်။
မြင်းခြံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေးစီမံချက်အရ ဆိုနာလီကာ (90HP) ထွန်စက်များ ဈေးနှုန်းသက်သာစွာရောင်းချပေး
Aug 18,2020
ကိုဗစ် - ၁၉ ရောဂါ၏ စီးပွားရေးအပေါ်ထိခိုက်မှုသက်သာရေးစီမံချက်တွင် ပါဝင်သော Cash to Support Input (Agricultural Machinery) in time For Moonsoon Planing အရ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်ခံစားခဲ့ရသော မြင်းခြံမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူ လယ်သမားများအား ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူလယ်သမားများထံသို့ Sonalika (90HP) ထွန်စက်ကြီး (၄) စီးကို ဈေးနှုန်းသက်သာစွာဖြင့် မြင်းခြံမြို့နယ် ဆင်းဂွတ်၊ ကျီးပင်ကန်၊ ကိုင်း (မြောက်)နှင့် ငါန်းဇွန်မြို့နယ်သူနတ်စစ်ကျေးရွာများရှိ တောင်သူများသို့ရောင်းချခဲ့ပြီး လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က မြင်းခြံမြို့ အမှတ်(၆) စက်မှုလယ်ယာစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။