သတင်းများ

ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင် ပြသ
Aug 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်က (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသိပညာပေး ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
လိုင်လင်းပီမြို့၌ သြဂုတ်လ(၂၀)ရက်နေ့တွင် သားသတ်လိုင်စင်အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ကျင်းပမည်
Aug 12,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ သြဂုတ်လ (၂၀)ရက်‌နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းလုံမြို့ လွယ်အံ(လုံ)အုပ်စု၊ လွယ်အံကျေးရွာတွင်(၅) နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးမှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် အသက် (၅) နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးများကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနက ယမန်နေ့ နံနက်ပိုင်းအချိန်တွင် လွယ်အံ(လုံ)အုပ်စု လွယ်အံကျေးရွာသို့ သွားရောက်၍ ဆေးတိုက်ကျွေးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
နောင်မွန်မြို့နယ်၌ ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့‌ငွေ ပေးအပ်
Aug 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်နှင့် မြို့မရပ်ကွက် (ပန်နန်းဒင်) သို့ သွားရောက်ပေးအပ်ခဲ့သည်။
သီပေါမြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအသင်းမှ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်လွင်နှင့် တာဝန်ရှိသူများက သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးအတွက် ကျောင်းများတွင်ထားရှိရန် PPE ဝတ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ Hand Gelများ၊ နှာခေါင်းစည်း(Mask)များနှင့် လက်ဆေးဆပ်ပြာများကို ယမန်နေ့ နံနက်ပိုင်းက နယ်စည်းမခြားပရဟိတ အသင်းရုံးတွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် လုပ်ငန်းများဆောင်ရွက်
Aug 12,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်နေ ပြည်သူ များ ကိုယ်တိုင်ဆောင်ရွက်သည့် Cash For Work စီမံကိန်းဖြင့် ပျားကျေးရွာအုပ်စု ပျားကျေးရွာ လမ်း မြေသားတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြောင်းသိရသည်။
မတူပီခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ (ပထမ) နေ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်
Aug 12,2020
ချင်းပြည်နယ်၊ မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ ပထမနေ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နယ်စပ်ဒေသရှိ ဒေသခံပြည်သူများ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားအသိ အမှတ်ပြု လက်မှတ် မရှိသူများအား သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်
Aug 12,2020
နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ အတွင်း ဒေသခံ ပြည်သူများ အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးနိုင်ရန်နှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး ကိုင်ဆောင်လက်မှတ် မရှိဟု ဖော်ပြထားသူများအား နိုင်ငံသား အသိအမှတ်ပြုလက်မှတ် ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကောက်ကွက် ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။