သတင်းများ

ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးစီမံဆောင်ရွက်ထားမှုများ ကွင်းဆင်းစစ်ဆေး
Aug 14,2020
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာ အထက်အဆင့်ကျောင်းသား/ကျောင်းသူများအား ဖွင့်လှစ် သင်ကြားပေး လျှက်ရှိသည့် ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စီမံဆောင်ရွက် ထားရှိသောလုပ်ငန်း ရပ်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့က ပူးပေါင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့သစ်လုပ်ငန်း၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြုခရီးသွားလုပ်ငန်း (ECBT)စခန်းများအတွက် The Nature Conservancy Myanmar က ဆင်ထိန်းသိမ်းရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
Aug 14,2020
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသည့် ဆင်စခန်း (၂၁) ခုရှိ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်း (၄၈၄) ဦးအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အထောက်အကူဖြစ်စေရေးအတွက် ဆင်ထိန်းသိမ်းရေးစောင့်ရှောက်ရေးဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀ ထောက်ပံ့ပေးခြင်းအား သက်ဆိုင်ရာဆင်စခန်းအသီးသီးတွင် ယနေ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
စမ်းချောင်းမြို့နယ်တွင် လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းညှိနှိုင်း
Aug 14,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လူဦးရေစာရင်းနှင့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေးတို့အတွက် စမ်းချောင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်သည် ယနေ့၊ မွန်းလွဲ(၁)နာရီ အချိန်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့ သည်။
မိုင်းငေါ့ အ. ထ .က ကျောင်းသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး (Mask)နှာခေါင်းစည်းများ လာရောက်လှူဒါန်း
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်နိုင်ရန်အတွက် မိုင်းငေါ့ အ.ထ.က ကျောင်းသို့ ယနေ့ နံနက် (၁၀) နာရီအချိန်က (Mask) နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်တက္ကသိုလ်(CBFQ)စခန်းမှ ၂၁ ရက်ပြည့်ပြီးသူများနှင့် ပထမအကြိမ် Negative ထွက်ရှိသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်စေလွှတ်
Aug 14,2020
မော်လမြိုင်တက္ကသိုလ် (၁၀)မြို့နယ်အဆောင် Community Based Facility Quarantine (CBFQ) တွင် နေရပ်ပြန် ပြည်သူများကို သီးသန့်နေထိုင်သွားလာ ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ် လျက်ရှိရာ ယနေ့နံက်ပိုင်းတွင် ၂၁ ရက်ပြည့်ပြီးသူများနှင့် ပထမအကြိမ် Negative ထွက်ရှိသည့် နေရပ်ပြန်ပြည်သူများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် မြို့နယ်များသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်းသိရသည်။
ဘောဂလိမြို့ ဒေသအတွင်းရှိ မိုးသီးနှံများအား အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ နည်းပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Aug 14,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ သပြေညွန့်ကျေးရွာအုပ်စုနှင့် မဲတင်းတိမ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ၏ မိုးသီနှံများအား အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်းနင်းခြင်း နည်းပညာပေးခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ သုံးမွှာပူးကလေးများအား ထောက်ပံ့ငွေပေးအပ်
Aug 14,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုတင်၁၀ဝဆေးရုံ၌ မွေးဖွားခဲ့သော သုံးမွှာပူး ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ရုံးခန်းမတွင် ယမန်နေ နေလယ်က ကျင်းပသည်။
အင်းစိန်မြို့နယ်၌ အုတ်ရေမြောင်း ပြုလုပ်ခြင်းဆောင်ရွက်
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်းပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်လျက်ရှိသည်။