သတင်းများ

ရေကြည်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရန် မဲရုံမှူးနှင့် အဖွဲ့ဝင်များ ပဏာမစိစစ်ရွေးချယ်ခြင်းများ ပြုလုပ်
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် မဲရုံမှူးနှင့် အဖွဲ့ဝင်များ ပဏာမ စိစစ်ရွေးချယ်ခြင်းအတွက် ‌မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများ ၊ ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အ-ထ-က (၁) တေဇာသီရိခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
တန့်ဆည်မြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု (၇၅၆၁) စုအတွက် ထောက်ပံ့ငွေပေးအပ်
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုခြင်းအလိုက် ငွေကြေးထောက်ပံ့နိုင်ရေးအတွက် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက ရပ်ကွက်၊ ကျေးရွာအုပ်စုထောက်ပံ့ငွေ ပေးအပ်ရေး အဖွဲ့သို့ ယနေ့နံနက် (၁၀) နာရီအချိန်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်း
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ရွေးချယ်ဖွဲ့စည်းခဲ့သည်။
ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP)စီမံကိန်းဖြင့် ချေးငွေထုတ်ချေး ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေး
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကန်ကျေးရွာသို့ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရန် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာလူထုတို့သည် ယမန်နေ့ နံနက် ၉ နာရီက ကန်ကျေးရွာဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးကြသည်။
လက်ပံတန်းမြို့နယ်တွင် မဲစာရင်းကြည့်ရှုသူ(၂၇၀၇၉) ဦးထိရှိ
Aug 13,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို
ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ ၁၀ ဦးတို့အား သက်ဆိုင်ရာ Facility Quarantine နေရာအသီးသီးသို့ စောင့်ကြည့်ထားရှိရန် ပို့ဆောင်ပေး
Aug 13,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ၁၀ ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိ လာကြပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် သက်ဆိုင်ရာ Facility Quarantine နေရာအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့၌ အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေး
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က ကုန်းခါရပ်ကွက်၊ ရွှေအုဋ်အံဓမ္မာရုံတွင် စတင်တိုက်ကျွေးလျက်ရှိကြောင်း သိရှိရသည်။
မဘိမ်းမြို့နယ်တွင် စိုက်ပျိုးရေးသုံးပစ္စည်းများ သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စိုက်ပျိုးရေးသုံးပစ္စည်းများအား သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိတို့ကို ယမန်နေ့က ဘဟဲကျေးရွာအုပ်စုနှင့် မလှိုင်ကုန်းကျေးရွာအုပ်စုများရှိ ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။