သတင်းများ

ချီဖွေမြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံး (၉၀)ရာခိုင်နှုန်း ပြီးစီး
Aug 13,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် စီမံကိန်းဦးစီးရုံး အဆောက်အဦသစ် ဆောက် လုပ်ခြင်းလုပ်ငန်းမှာ (၉၀)ရာခိုင်နှုန်းအထိ ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
မြဝတီမြို့၌ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုစေရေး လှည့်လည်နှိုးဆော်ပြီး Mobile Service ဆောင်ရွက်ပေး
Aug 13,2020
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူများအနေဖြင့် မဲဆန္ဒရှင် စာရင်းများအား လာရောက်ကြည့်ရှုစေရေး လှည့်လည်နှိုးဆော်ပေးလျက်ရှိပြီး အိမ်တိုင်ရာရောက် Mobile Service ဆောင်ရွက်ပေးလျက်ရှိကြောင်း မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။
လှိုင်မြို့နယ်တွင်​ ရေစီး​ရေလာ​ကောင်းမွန်​ရေးအတွက် အမှိုက်များ ရှင်းလင်း​ဆောင်ရွက်လျက်ရှိ
Aug 13,2020
မိုးရာသီတွင် ဖြစ်​ပေါ်တတ်​သော ​ရေ​မြောင်းများ ပိတ်ဆို့မှုကင်း​ဝေး​စေပြီး ​ရေစီး​ရေလာ​ကောင်းမွန်​ရေး အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်(၁)ရပ်ကွက် ​အောင်​မေတ္တာ (၆)လမ်း၊ (၁၆)ရပ်ကွက် ဦးသင်း​ဖေလမ်း၊ (၄)ရပ်ကွက် ​အေးရိပ်မွန်လမ်းသွယ်(၂)လမ်းစသည့် ရပ်ကွက်များရှိမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များအား ယမန်နေ့ နံနက် ၈ နာရီအချိန်က စ၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ကလေးမြို့နယ်နတ်ချောင်းကျေးရွာရှိ ကုန်မျိုးစုံဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင် များ ကွင်းဆင်း စစ်ဆေး
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ( FDA ) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာ ရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက နတ်ချောင်းကျေးရွာတွင်ရှိသော ကုန်မျိုးစုံဆိုင်များ၊ ဆေးနှင့် ဆေး ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရမည်းသင်းမြို့နယ်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများ စိစစ်
Aug 13,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရမည်းသင်းခရိုင်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယမန်နေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဒုတိယနေ့ ဆောင်ရွက်ကြကြောင်း သိရသည်။
မတူပီခရိုင်လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်း (ဒုတိယနေ့) ဆက်လက် ဆောင်ရွက်
Aug 13,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မတူပီခရိုင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းဒုတိယနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ သည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ မိုးရွာသီတွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုး ဘေးနှင့် လေပြင်းဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ဂန့်ဂေါမြို့နယ် ပျားကျေးရွာတွင် လူနေအိမ်များအရောက် အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေကြသည်။
ဒေးဒရဲမြို့၌ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေး စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ရှောင်တခင်စစ်ဆေး
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ယမန်နေ့ နံနက် ၁၁ နာရီက ရှောင်တခင် စစ်ဆေးခဲ့သည်။