Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
သာစည်မြို့နယ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်
Aug 07,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် အရဆောင်ရွက်သွားမည့် Cash for Work စီမံကိန်းနှင့်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများကို စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများထံ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာမြို့နယ်၌ သိမ်းဆည်းခံလယ်ယာမြေများအတွက် လျော်ကြေးပေးအပ်ခြင်းအခမ်းအနား ဆောင်ရွက်
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အမှတ်(၉) လုံခြုံရေးတပ်ဖွဲ့ပိုင်မြေ (၂၆၉.၆၉)ဧကရှိ လယ်ယာမြေပိုင်ဆိုင်သူ လယ်သမားများအား တစ်ဧကလျှင် ကျပ်သိန်း(၇၀)နှုန်းဖြင့် လျော်ကြေးပေး အပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လှိုင်သာယာမြို့နယ်ခန်းမတွင် ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာ မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်/ရပ်ကျေး အလုပ်အမှုဆောင် များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုဆောင်ရွက် သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနသို့ Tai Youth Organization (T.Y.O) မှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအထောက်အကူပြု ပစ္စည်းများလာရောက်လှူဒါန်း
Aug 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနသို့ Tai Youth Organization (T.Y.O) မှ ACCESS TO HEALTH & Alliance Myanmar နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအထောက်အကူပြု ပစ္စည်းများကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က လာရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကတ်ပြားများ အချိန်မီရရှိစေရန် ကွင်းဆင်းဆောင်ရွက်
Aug 07,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြား များ အချိန်မီရရှိစေရန် ယမန်နေ့ နံနက်(၉)နာရီက အုန်းနှဲကုန်း ကျေးရွာအုပ်စု အုန်းနှဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ဖောင်ကြီးအနောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် မြစ်ရေတိုက်စား မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၉)လုံး ယာယီ ပြောင်းရွှေ့
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စု အထက် ကဇင်းတောကျေးရွာနှင့် အောက်ဒေါင့်ကြီးကျေးရွာ ကဿဝင်ကျေးရွာအုပ်စု မြစိမ်းကျွန်းကျေးရွာနှင့် ကဿဝင်ရွာမကျေးရွာတို့တွင် ယနေ့နံနက် ၁၀ နာရီက မြစ်ရေတိုက်စား မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၁၉)လုံးအား အန္တရာယ်လွတ်ကင်းမည့် နေရာများသို့ ယာယီပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 07,2020
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းတပ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းဘဲတန်းမြို့နယ်၊ ရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 07,2020
ပန်းဘဲတန်းမြို့နယ်၊ ရပ်ကွက်များတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
32194
Page
32195
Page
32196
Page
32197
Current page
32198
Page
32199
Page
32200
Page
32201
Page
32202
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department