သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး  Box Culvertတည်ဆောက်ရေး လုပ်ငန်းများအား စက်ယန္တရားဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 06,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး Box Culvert  များ တည်ဆောက်နေမှုနှင့်
မြောက်ဥက္ကလာပမြို့နယ်တွင် ဆင်းရဲနွမ်းပါးက​လေးငယ်များအား အ​ခြေခံစားသောက်ကုန်များလှူဒါန်း
Aug 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် Global Giving, Smiling Children, CFPA Myanmar Office၊ We Love Yangon နှင့် We Love Northokkalapa ပရဟိတ လူငယ်များအဖွဲ့တို့ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ အခြေခံအဆင့် မူလတန်းကျောင်းများမှ နွမ်းပါး ကလေးငယ်(၁၀၀) ဦးအား အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အထက(၁)မြောက်ဥက္ကလာပ၊ မြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမာမြို့၊ ဒေါ်ညိမ်းကျေးရွာ၌ ကြက်မွေးမြူရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာပေး သင်တန်းဖွင့်လှစ်
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်ဒေသရှိ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ကိုင်သူများ ကိုဗစ်-၁၉ ကာလအတွင်း စီးပွါးရေးထိခိုက်မှု သက်သာ ရေး စီမံချက်(CERP) အရဖွင့်လှစ်သော ကြက်မွေးမြူရေးသင်တန်းကို ယမန်နေ့နံနက်(၉) နာရီက ဒေါ်ညိမ်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
လပွတ္တာ၌ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ ခရိုင်/ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လပွတ္တာ ခရိုင်အထွေထွေအုပ်ချုပ်ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။
ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကြေညာမှုများအား ချင်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး
Aug 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဟားခါးမြို့ပေါ်ရပ်ကွက်များနှင့် နှီရ်လှောန်း ကျေးရွာရှိ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအမည်စာရင်း ကြေညာမှုများအား ယနေ့ နံနက်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်နှင့် အဖွဲ့ဝင်များ၊ ဟားခါးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျန်းမာရေးကြီးကြပ်-၂ ဆရာ/မများအား Mobile Tablet သင်တန်းဖွင့်လှစ်
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျန်းမာရေကြီးကြပ်-၂ ဆရာ/မများကို လဟယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေခန်းမ၌ Mobile Taplet သင်တန်း ပို့ချသင်ကြားလျက်ရှိကြောင်း သိရှိရသည် ။
မိုးရွာသွန်းမှုကြောင့် ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းအချို့ ရေနစ်မြုပ်
Aug 06,2020
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးရွာသွန်းမှုကြောင့် ညောင်ရွှေ မြို့နယ်အတွင်းသို့စီးဝင်သည့် တာယောချောင်းနှင့် ဟိုနမ့်ချောင်းတို့ မှ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး တိလော ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၂၁)ဦး၊ ရွာသာကျေးရွာ အုပ်စုအတွင်းရှိ တောင်သူ(၁၀၁)ဦး၊ တောင်ပို့ကြီးကျေးရွာအုပ်စုရှိ တောင်သူ(၃၇)ဦး စုစုပေါင်း တောင်သူ(၁၅၉)ဦး၏ စုစုပေါင်း နွေစပါးနှင့် မိုးစပါး စိုက်ဧက (၄၁၅.၂၆)ဧက ရေနစ်မြှုပ်လျှက်ရှိ ကြောင်း သိရှိရသည်။
ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေး
Aug 06,2020
ချင်းပြည်နယ်၊ ရေဇွာမြို့၊ မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။