သတင်းများ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပြည်ပဧည့်သည်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Mar 20,2020
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ပြင်ပမှ လုပ်ငန်းကိစ္စ လာရောက်သည့် ဧည့်သည်များအား COVID-19 ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း အပူချိန်တိုင်းပေးခြင်း Hand Gel လက်သန့်စင်ဆေးရေးဖြင့် လက်သန့်စင်စေ၍ ရုံးခန်းအတွင်းသို့ ဝင်ရောက်နေမှုများကို ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးသန်းက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုရိုနာဗိုင်းရပ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ လက်သန့်ဆေးရည်နှင့် Mask များ ဖြန့်ဝေ
Mar 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုချစ်ဦး ဦးဆောင်သော ကျောက်တန်းမြို့ လူငယ်များအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းနှင့် လက်သန့် ဆေးရည်များ၊ Mask များ ဖြန့်ဝေခြင်းကို ယမန်နေ့ ၁၀နာရီက ကျိုက်မှော်‌ဝန်းရေလယ်စေတီတော် မြို့ဘက်ကမ်းမုခ်ဦးနှင့် လူစည်ကားရာ နေရာတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ဇလွန်မြို့မစျေးသစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Mar 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေး စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးသစ်အတွင်း ဆောင်ရွက်ခဲ့ကြသည်။
မရမ်းကုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 20,2020
မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများလတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19)ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၀:၀၀နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် ရုံးဝန်ထမ်းများသည် လူစည်ကားရာ ဘူတာရုံ၊ ဆိုက်ကားဂိတ်၊ ကားဂိတ်များသို့ သွားရောက် ဖြန့်ဝေခဲ့ကြသည်။
ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့(၂) ထပ်ဆောင် အဆောက်အဦ ပန္နက်တင် အခမ်းအနား ကျင်းပ
Mar 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံတိုးချဲ့ (၂) ထပ်ဆောင် အဆောက်အဦးဆောက်လုပ်ခြင်း ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ကုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှားတောမြို့၌ အသက်(၈၅)နှစ် နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်
Mar 20,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ရီရီချို၊ အငယ်တန်းစာရေး ဒေါ်နဲမြာနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများက သွားရောက်ဆောင်ရွက်ခဲ့သည်။
လမ်းမတော်မြို့နယ်၌ FDA မှ တားမြစ်ထားသော ဆေးဝါးများရောင်းချမှု ရှိ/မရှိ စစ်ဆေး
Mar 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ အ‌​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းသောအဖွဲ့သည် ယမန်နေ့နံနက် ၁၀နာရီက​မြို့နယ်အတွင်းရှိ ဆေးမျိုးစုံဆိုင်များတွင် FDA မှ တားမြစ်ထား‌သော ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(COVID-19)ကြိုတင် ကာကွယ်ရေး အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသ
Mar 20,2020
ပြည်သူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်နံရံကပ် စာစောင် ပြသခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။