သတင်းများ

ကွတ်ခိုင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Mar 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ Oriental Highway တိုးဂိတ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) စောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ‌သည်။
ဆောမြို့နယ်၊ စာစစ်ဌာန (၁၀) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုသူပေါင်း ၃၈၄ ဦးနှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုသူပေါင်း ၂၄၄၂ ဦးရှိ
Mar 18,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့ သတ္တမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုကြရာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် စာစစ်ဌာန (၁၀) ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၃၉၃ ဦးတွင် ဖြေဆိုသူ ၃၈၄ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ၉ ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒဿမ ၇၁ ရာခိုင်နှုန်းဖြစ်သည်။
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာ (၄၆၂)ဦး၊ ဘောဂဗေဒဘာသာ (၁၆၇၉) ဦး ဖြေဆို
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒဘာသာ (၄၆၂) ဦး၊ ဘောဂဗေဒဘာသာ (၁၆၇၉) ဦး ဖြေဆိုကြောင်း သိရသည်။
မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
Mar 18,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာသို့ ကွင်းဆင်းသွားရောက်ပြီး သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) (COVID-19) ကို ကာကွယ်ထိန်းချုပ်နိုင်စေရန် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူပေါင်း၍ ပတ္တမြားဈေးနှင့် လူစည်ကားရာနေရာများသို့ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁ဝ နာရီက ပြုလုပ်သည်။
သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Mar 18,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
တောရိုင်းတိရစ္ဆာန်များ ဖမ်းယူသတ်ဖြတ်စားသုံးခြင်း မပြုလုပ်ရေး အသိပညာပေးခြင်းဆောင်ရွက်
Mar 18,2020
တောရိုင်းတိရစ္ဆာန်များ ဖမ်းယူသတ်ဖြတ်စားသုံးခြင်း မပြုလုပ်ကြရန် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် သစ်တောဦးစီးဌာနက စားသောက်ဆိုင်များ၊ လူစည်ကားရာ နေရာများ၌ အသိပညာပေး ပိုစတာများကပ်၍ ကြေညာထားသည်။
COVID-19 ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ တပ်ဆင်လှူဒါန်း
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်‌ Coronavirus Disease 2019 (COVID-19) ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ ထားရှိ လှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပဒေသာဈေးကြီးအနီး အ.ထ.က(၅) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။