သတင်းများ

ပုလောမြို့နယ်၊ လှည်းကျွန်းဝကျေးရွာ၌ လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်းလမ်း ခင်းကျင်း
Mar 17,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ လှည်းကျွန်းဝ ကျေးရွာတွင် လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်း လမ်း ခင်းသည့် လုပ်ငန်း များကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တနင်္သာရီမြို့နယ်၊ စာစစ်ဌာန (၄)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရူပဗေဒဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား/သူ (၁၇၀၆)ဦးရှိ
Mar 17,2020
၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ရူပဗေဒဘာသာရပ်တွင်  တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ယနေ့ နံနက် ၉နာရီ မှ ၁၂နာရီ  အထိ၊ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန်  စာရင်းရှိ ကျောင်းသူ/သား (၁၈၄၉)ဦး အနက်၊ (၁၇၀၆)ဦး ဖြေဆိုကြပြီး၊ (၁၄၃)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၂.၂၇)ဖြစ်ကြောင်း သိရှိရသည်။
ကနီမြို့နယ်၌ (COVID-19) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Mar 17,2020
ကနီမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ကနီမြို့  မြို့နယ်အထွေထွေ အုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြိုင်မြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 17,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ကြိုတင် ထိန်းချုပ်ကာကွယ်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
တန့်ဆည်မြို့တွင် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ၁၁၅၁ ဦးအား လူမှုရေးပင်စင် ထောက်ပံ့
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေး ပင်စင်ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၉)နာရီ အချိန်က တန့်ဆည်မြို့ မေတ္တာ မြိုင်ရပ်ကွက် အတွင်း ကွင်းဆင်း ထောက်ပံ့ပေးခဲ့သည်။
ဖာပွန်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပ
Mar 17,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုး သမီးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ စော်ဘွားဈေးနေ့အား ပုံမှန် ဈေးရောင်းချခြင်းဖြင့်သာ ကျင်းပ
Mar 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသော စော်ဘွားဈေးနေ့ကို  ယမန်နေ့က  ပါလျန် တံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။
နမ့်ဆန်မြို့တွင် နယ်ဝေးမှ ဝင်ရောက်လာသည့် ခရီးသည်များအား COVID-19 ကိုရိုနာ ဗိုင်းရပ်စ် ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်
Mar 17,2020
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နယ်ဝေးမှ ဝင်ရောက်လာ သည့် ခရီးသည် များအား COVID-19 ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့က  ညနေ (၅)နာရီ အထိ မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။