သတင်းများ

မိတ္ထီလာမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေးရေး ညှိနှိုင်းဆွေးနွေး
Mar 17,2020
မိတ္ထီလာမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရန် ကျေးရွာများအထိ အသိပညာပေးရေး ရည်ရွယ်ပြီး Action aid Myanmar နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲ အချိန်က Action aid ခန်းမ၌ ကျင်းပကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ စာစစ်ဌာန (၄)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရူပဗေဒဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား/သူ (၁၇၀၆)ဦးရှိ
Mar 17,2020
၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ရူပဗေဒဘာသာရပ်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ယနေ့ နံနက် ၉နာရီ မှ ၁၂နာရီ အထိ၊ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန် စာရင်းရှိ ကျောင်းသူ/သား (၁၈၄၉)ဦး အနက်၊ (၁၇၀၆)ဦး ဖြေဆိုကြပြီး၊ (၁၄၃)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၂.၂၇)ဖြစ်ကြောင်း သိရှိရသည်။
မူဆယ်ခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နေ့တွင် ကျောင်းသားကျောင်းသူ (၂၃၅) ဦး ဖြေဆိုရန်ပျက်ကွက်
Mar 17,2020
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ယမန်နေ့ နံနက် ၉ နာရီက စာစစ်ဌာန (၉)ခုဖြင့် ဖြေဆိုကျင်းပရာ စုစုပေါင်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူဦးရေ (၂၃၅) ဦးရှိကြောင်း မူဆယ်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ရေဦးမြို့နယ်တွင် လယ်ယာမြေဧက (၁၀၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား (၂)စင်း ဆောင်ရွက်လျက်ရှိ
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဖန်ခါးစဉ်ကျေးရွာတွင် လယ်ယာမြေဧက (၁၀၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ် တံတား(၂)စင်းကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် လျက်ရှိကြောင် ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။
ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်သို့ တိုင်းရင်းသားပုံပြင်စာအုပ်များလှူဒါန်း
Mar 17,2020
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗဟိုစာကြည့်တိုက်တွင် အများပြည်သူများ တိုင်းရင်းသားစာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကား တတ်မြောက်မှု မြင့်မားစေရန်နှင့် မြန်မာစာပေ မြန်မာစကားကို လေ့လာရာတွင် အထောက်အကူ ရရှိစေရန် ရည်ရွယ်၍ UNICEF မြန်မာမှ တိုင်းရင်းသားဘာသာပုံပြင်စာအုပ်များ လာရောက်လှူဒါန်းပေးထားကြောင်း သိရသည်။
မိုးမောက်မြို့မ စျေးအတွင်းရှိ စားသောက်ဆိုင်/စျေးဆိုင်များတွင် ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေး (Food Safety) ကွင်းဆင်း စစ်ဆေး
Mar 17,2020
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကာကွယ်ရေးဦးစီးဌာန(FDA) မှ ပြည်နယ် ဝန်ထမ်းများ၊ ဗန်းမော်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကာကွယ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မိုးမောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် စည်ပင်ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီတွင် စစ်ဆေးခဲ့သည်။
နွေစပါးစိုက်ပျိုးသည့် တောင်သူများ အနှံထွက်ချိန် နှံစုပ်ပိုးကျရောက်မှုကာကွယ်ကြရန်လိုအပ်
Mar 17,2020
ပဲခူတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ်၊ ဆွာဆည်တမံမှ ရေပေးဝေမှုဖြင့် ဒီဇင်ဘာလ ဒုတိယ အပတ်မှ စတင်၍ နွေစပါးများ စိုက်ပျိုးခဲ့ရာ သက်ရင့် ရက်ကိုးဆယ် ထိုင်းကောက်စပါးများ အနှံများ ထွက်ရှိ လာကြ ပြီဖြစ်သည်။
ရေတာရှည်မြို့နယ်တွင် စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေမည့် စနစ်ကျ လယ်ယာမြေ ဧက ၂၀ဝ ဖော်ထုတ်
Mar 17,2020
စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်လျက်ရှိကြသည့် တောင်သူများ၏ လက်မှု လယ်ယာ ခေတ်မှသည် စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရေး မဟာဗျူဟာ စီမံကိန်းဖြင့် စနစ် ကျ လယ်ယာမြေ ဧက ၂၀ဝ အား ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၅၈ ကွင်းတွင် ဇန်နဝါရီ ၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ အချိန်ထိ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး သွားပြီ ဖြစ်ကြောင်းသိရသည်။