သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ Outdoor Fitness အားကစားပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျက်ရှိ
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်သို့ Outdoor Fitness အားကစား ပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်ထံမှ သိရသည်။
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (COVID-19)ကြောင့် ဖြစ်ပွားတတ်သောအဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေး ဟောပြော
Mar 16,2020
ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (COVID-19)ကြောင့် ဖြစ်ပွားတတ်သောအဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
မြစ်သားမြို့နယ်တွင် Coronavirus Disease 2019 ကြိုတင်ကာကွယ်နိုင်ရေး အစည်းအဝေး ကျင်းပ
Mar 16,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက Coronavirus Disease 2019 (Covid-19)ပတ်သက်၍ ကြိုတင် ကာကွယ်နိုင်ရေး အစည်းအဝေးကျင်းပခဲ့သည်။
ပန်ဝါမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 16,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ လတ်တလောဖြစ်ပွားလျက်ရှိသည့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအား အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအသိပညာပေး လုပ်ငန်းများကို ယမန်နေ့က ကျိုင်းတုံမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့၌ ရေစီးရေလာကောင်းမွန်ရေး အုတ်ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်
Mar 16,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ ပိတောက်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေး(ဝဲ၊ ယာ)များတွင် အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ယခုလ ၅ ရက်နေ့က စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
နန်းယွန်းမြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း
Mar 16,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေဖြင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် လမ်းအထူး(၁၉) အဖွဲ့က မြေပြင် ကွင်းဆင်း တိုင်းထွာလျက်ရှိကြောင်းသိရသည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2020
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် စားသုံးသူများ မိမိတို့အခွင့်အရေးကို သိရှိနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဈေးအတွင်းရှိ ဈေရောင်း/ဈေးဝယ်ပြည်သူများအား မတ်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းက အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။