သတင်းများ

ဒေးဒရဲမြို့နယ်၌ K.G နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် (ဆင့်ပွား)ဆွေးနွေးပွဲအား ဆက်လက်ပို့ချ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ​ဒေးဒရဲမြို့နယ်တွင် K.G နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲသင်တန်းကို မေ ၂၀ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မေထက်တန်းကျောင်းတွင် ဆက်လက်ပို့ချ​​ပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
May 22,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို မေ ၂၂ ရက် နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကျောင်းအပ်နှံ‌‌ရေးအသိပညာပေး ပိုစတာစိုက်ထူ
May 22,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ခုနှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးပိုစတာစိုက်ထူးခြင်းကို ယနေ့ နံနက်၉နာရီက ပြည်ထောင်စုလမ်းမကြီးဘေး အခြေခံပညာအထက်တန်း‌ကျောင်းများ‌ရှေ့တွင် စိုက်ထူခဲ့ကြသည်။
ကျေးသီးမြို့နယ်၌  ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြင့်မွမ်းမံ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
May 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် အမှတ်(၁၃၁)ခြေလျင်တပ်ရင်း သီဟခန်းမတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က  ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြင့် မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
မိုင်းရှူးမြို့၌ Mobile Libraryစနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်
May 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
မိုင်းပျဉ်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အသိပညာပေးကွင်းဆင်းဆောင်ရွက်
May 22,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခြင်းကို  ၂၀၂၆ ခုနှစ် မေလ ၂၂ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယမ်း‌ကျေးရွာ ဘက်စုံသုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
May 22,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာကာကွယ်ရေးနှင့် အကြမ်းဖက်သူများကို နှိမ်နင်းနိုင်ရန်ဖွဲ့စည်းထားရှိသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၈၈)ခြေလျင်တပ်ရင်းရှိ အောင်စစ်သည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
May 22,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၃၁၁) ခြေမြန်တပ်ရင်း ခန်းမဆောင်၌ ကျင်းပကြောင်း သိရသည်။