အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ရောက်ရှိသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပါသည်။
Jun 05,2026
ဧရာဝတီတိုင်ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လက်ပန်ချောင်အုပ်စု၊ အ.လ.က(ခွဲ)လက်ပန်ချောင်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ပေးခဲ့သည်။
Jun 05,2026
သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာရေးသည် လူသားတိုင်းအတွက် မဖြစ်မနေ သတိပြုကြရမည်ဖြစ်ကြောင်း ဒေသနေပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ယမန်နေ့နံနက်ပိုင်း ၉ နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jun 05,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ  ကူဖြူကျေးရွာ၊ နီပါးကုန်းကျေးရွာနှင့် လက်ပံဆိပ်ကျေးရွာများသို့ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း အရှိန်အဟုန်မြှင့်ကွင်းဆင်းစစ်ဆေးခြင်းများကို ဇွန် ၃ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနက စစ်ဆေး‌ဆောင်ရွက်ခဲ့သည်။
Jun 05,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုးပင်ကျေးရွာအုပ်စု၊ မုဉ္ဇလီကျေးရွာ၊ သရက်-ကိုးပင်-မုဉ္ဇလီကားလမ်းဘေး၌ ရက် (၁၀၀)စီမံချက်အရ စိုက်ပျိုးရေးပညာပေးပိုစတာများ စိုက်ထူခြင်းလုပ်ငန်းနှင့် တောင်သူများအား ရှင်းလင်းပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။