အမြို့မြို့အနယ်နယ်သတင်းများ

Jun 04,2026
ဝမ်းတွင်းမြို့နယ်၊ ရေဆုံးကျေးရွာ၊ သုခချမ်းသာ စာကြည့်တိုက်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးဆွေးနွေးပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။
Jun 04,2026
ပြည်သူများ လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများ ကျဆင်းစေရန်ရည်ရွယ်၍   မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 04,2026
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး ကျန်းမာရေး အဆင့်မြင့်ကျောင်းများ ဖြစ်ပေါ်စေရေးအတွက် မြို့နယ်ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျန်းမာရေးအဆင့်မြင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကုသရေး/ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 04,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နိုင်ငံတစ်ဝန်း၌ ဇွန်လ ၁ ရက်က စတင်ဖွင့်လှစ်ရာ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းတက်ရောက်၍ ပညာသင်ကြားလျက်ရှိသည်။
Jun 04,2026
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက် ၉ နာရီခွဲက မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
Jun 04,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြိုနယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်ဧက (၅၀) စိုက်ပျိုးမည့် မျိုးစေ့ထုတ်တောင်သူများအား ပေါ်ဆန်းရင်၊ ဆင်းသုခ၊ ဘေးကြားတောင်ပျံ မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ (RS) များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ Hotel Ngu Wah ၊ Hotel Grand Vista ၊ Hotel 99 ၊ Hotel Grand United နှင့် Sakura Hotel တို့အား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် 191 အက်ပလီကေးရှင်း အသုံးပြုပုံတို့အား အသိပညာပေး‌ဆောင်ရွက်ခဲ့သည်။
Jun 04,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကျန်းမာရေး အဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။