အမြို့မြို့အနယ်နယ်သတင်းများ

Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးဇူးရှင်တောင်သူဦးကြီးများ၏ လယ်ယာမြေများတွင် မိုးစပါးအထွက်နှုန်းကောင်းမွန်ရန်နှင့် အခြားအကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း၌ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်သူများနှင့်ကျောင်းသားကျောင်းသူများအာ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ဇွန်လ ၃ ရက်နေ့ နေ့လည် ၁ နာရီက ဟင်္သာတမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ရှိ ဟင်္သာ ခန်းမကြီးတွင် ကျင်းပခဲ့သည်။
Jun 04,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ သွားလာရေးသိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သရက်တပင်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၅) အခြေခံပညာအထက်တန်း‌ကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့မွန်းလွဲ ၁ နာရီက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
Jun 04,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခန့်ဝေယံနှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Club အဖွဲ့)တို့ ပူးပေါင်း၍ ဇွန် ၂ ရက်နေ့နံနက်(၁၂)နာရီအချိန်က ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာခင်စောတင့်ရေးသားသော "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 04,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ သူနာပြုသင်တန်းကျောင်း၌  သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတို့အား သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းနှင့် သစ်လွင်သူနာ ပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးခြင်း အခမ်းအနားကို ဇွန်လ (၁) ရက်နေ့က သူနာပြုသင်တန်းကျောင်း၊ သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။