Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 05,2025
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကျား/မအခြေပြု အကြမ်းဖက်မှု (GBV) အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ကျား/မအခြေပြု အကြမ်းဖက်မှု GENDER BASE VIOLENCE (GBV) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အခြေခံပညာအထက် တန်းကျောင်းခွဲ၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း မဟော်ဂနီခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 05,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ၏ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ အသိပညာပေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ယာယီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) အရှိန်အဟုန်မြှင့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Dec 05,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ပြည်သူလူထုအခြေပြု ကျောင်းပြင်ပ အသက် (၉) နှစ်မှ (၁၂) နှစ် မကျော်သေးသည့်အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) အရှိန်အဟုန်မြှင့် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Dec 05,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အ.မ.က(ဝမ်လီ)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အ.မ.က(ဝမ်လီ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား/ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်တွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Dec 05,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်က သဖန်းချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ လူရည်ချွန်ရွေးချယ်စာမေးပွဲအတွက် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ပြုလုပ်
Dec 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြတ်သော ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ပေါက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (မြို့နယ်အဆင့်) လူရည်ချွန်ရွေးချယ်စာမေးပွဲများကို ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဒီဇင်ဘာလ ၅ ရက် (၈) နာရီက ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို မြို့နယ်အားကစားကွင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
119
Page
120
Page
121
Page
122
Current page
123
Page
124
Page
125
Page
126
Page
127
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department