အမြို့မြို့အနယ်နယ်သတင်းများ

Dec 05,2025
‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်‎ခရိုင်၊ လောင်းလုံးမြို့နယ်‎တွင် ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများမြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့ ဒီဇင်ဘာ (၅)ရက်နေ့တွင် ထားဝယ်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် အမည်စာရင်း ပါ၊ မပါ သိရှိနိုင်ရန် ယမန်နေ့က တာဝန်ရှိသူများ Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း မဲစာရင်းများ စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖယ်ခုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 05,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာ ကွင်းအမှတ်-၁၅၄၇၊ ဦးပိုင် အမှတ် (၁၃) ၊ မြေကွက်အမှတ် (၁၂၇) ရှိ တောင်သူဒေါ်နှင်းမှုံ ပိုင်ဆိုင်သော လယ်မြေအကွက်အကျယ် (၀ ဒဿမ ၁၀) ဧက၌ မိုးစပါး (အောင်နိုင်တိုးမျိုး) စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ရာ တစ်ဧကအထွက်နှုန်း (၁၁၅ ဒဿမ၇၀) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
Dec 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့်  ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦး‌အေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီအချိန်က ရွှေဘိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာမကျန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မိုင်းတုံခရိုင်အတွင်းရှိ မြို့နယ်၊ မြို့များ၊ ရပ်ကွက်၊ ကျေးရွာများတွင်ရှိသော အိမ်တိုင်းတွင် တစ်အိမ်တက်ဆင်းစနစ်ဖြင့် မြေပြင်ကွင်းဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Dec 05,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန် (ဖြူ/နီ) ၁၁၇၃ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဆီထွက်သီးနှံနေကြာ၊ ပဲပုပ် လျာထားချက်ပြည့်မီရေးကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ခုံဇင်ကုန်းကျေးရွာအုပ်စုနှင့် ကျွန်းတောကုန်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။