အမြို့မြို့အနယ်နယ်သတင်းများ

Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွင့်လှစ်ဆောင်ရွက်သွားမည့် မဲရုံများ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၄ ရက် နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်း​မြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လွတ်လပ်စွာ မဲဆန္ဒပေးနိုင်စေရေး အသိပညာပေးနှိုးဆော်သည့်၊ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ဘုတ်များစိုက်ထူ၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီက မြို့လယ် မီးပွိုင့်လမ်းဆုံနှင့် လူစည်ကားသောနေရာများတွင် ဆောင်ရွက်ခဲ့သည်။
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူလယ်သမားများမှာ ဆောင်းစပါးများရိတ်သိမ်းရာတွင် ခေတ်မီစပါးရိတ်စက်များဖြင့် ရိတ်သိမ်းပြီး ကောက်လှိုင်းများ ခြွေလှေ့ရာတွင်လည်း ခေတ်မီစပါးခြွေလှေ့စက်များကို အသုံးပြုကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံပြုလုပ်မည့်နေရာများ မီးဘေးလုံခြုံရေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးသန့်ဇင်ဦး ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး ခရိုင်အဆင့်လုပ်ငန်းအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (မြို့နယ်အဆင့်) လူရည်ချွန်ရွေးချယ်စာမေးပွဲ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေကို ယနေ့နံနက် ၉ နာရီက  ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ လူစည်ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်ဈေး၊ လေယာဉ်ကွင်းလမ်းဆုံတို့တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းနိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၄ ရက်၊ နံနက် ၉ နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 04,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်မျိုးဆက်သစ်ပြေးခုန်ပစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပသည်။