Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 04,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲ ၁၅၀၈ ဧကထိ စိုက်ပျိုးပြီးစီးဖြစ်ပြီး လျာထားချက်ဧကပြည့်မီစေရန် တောင်သူများ ကြိုးပမ်…
Dec 04,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲသီးနှံ ၁၅၀၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် တောင်သူများ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ဘုတ်များ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လွတ်လပ်စွာ မဲဆန္ဒပေးနိုင်စေရေး အသိပညာပေး နှိုးဆော်သည့်၊ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ဘုတ်များ စိုက်ထူ၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီက ၆၂ လမ်းနှင့် ၁၁၆ လမ်းထောင့်၊ (ဃ) ရပ်ကွက်ရှိ ရွှေမန္တလေး ကဖေးဆိုင်နားတွင်လည်းကောင်း၊ ၆၇ လမ်းနှင့်၁၁၅ လမ်းထောင့်၊ (က) ရပ်ကွက်ရှိ My Hero Cafeဆိုင်တွင်လည်းကောင်း၊ ၆၈ လမ်းနှင့် ၁၁၈ လမ်း ထောင့်၊ (ဂ) ရပ်ကွက်တွင်လည်းကောင်း၊ ၅၃ လမ်းနှင့် ၁၃၁ လမ်းထောင့်၊ (ဆ) ရပ်ကွက်ရှိ နန်းယဉ်ပျံစျေးနှင့် လူစည်းကားရာနေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်
Dec 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက ကောင်းစံသာ(ရေကြည်)ရေးသားထားသည့် လူငယ်လမ်းညွှန်စာစုများ-၁ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာများ စိုက်ထူ
Dec 04,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် “ဒို့အတူမဲပေးကြမယ်” မြေစိုက်ပိုစတာများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူစည်ကားသည့်နေရာများ၌ ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်း
Dec 04,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၅/၁၅၄၈) ရှိ တောင်သူ ဦးကြည်တင်၏ မိုးစပါး (မနောသုခ) စိုက်ခင်းတွင် ၂၀၂၅-၂၀၂၆ ခုနှစ် အထွက်နှုန်း မှန်ကန်စေရေးအတွက် ယနေ့နံနက် ၉ နာရီက မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် စံသူရိန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 04,2025
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက စံသူရိန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်အတွင်းရှိ မဲရုံနေရာများနှင့် မဲရုံပတ်ဝန်းကျင်ရှိနေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မဲရုံနေရာများနှင့် မဲရုံပတ်ဝန်းကျင်ရှိ နေအိမ်များအား ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မီးလန့်မှုများနှင့် အခြားသောမတော်မဆမှုများ မဖြစ်ပွားစေရေးအတွက် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက် ဦးဆောင်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
203
Page
204
Page
205
Page
206
Current page
207
Page
208
Page
209
Page
210
Page
211
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department