အမြို့မြို့အနယ်နယ်သတင်းများ

May 28,2026
မြန်မာ-ဂျပန်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအသင်း (MABA) ၏ (၁ဝ)နှစ်ပြည့်အခမ်းအနားနှင့် Mandalay -Japan Festival” ပြပွဲ၊ ပြိုင်ပွဲများကို လာမည့် ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် မန္တလေးမြို့၊ မင်္ဂလာမန္တလေး (Promotion Area)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ညနေပိုင်းက မင်္ဂလာမန္တလေး unit 6 တွင် ကျင်းပသည်။
May 28,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ဘူတာဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြသည်။
May 28,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၇ ရက်နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးမြတ်ထွဋ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးတင်လင်း၊ ရှမ်းပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
May 28,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်  ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးအတွက် မေ ၂၅ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 28,2026
ချင်းပြည်နယ်တီးတိန်မြို့၌ တီးတိန်ခရိုင်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။