အမြို့မြို့အနယ်နယ်သတင်းများ

Dec 04,2025
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အင်းမမြို့၊ အ.မ.က (အင်းမ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ခရိုင်အတွင်းရှိ မြို့နယ်များတွင် ရာဘာ၊ မန်ဂျန်ရှား၊ ဒူးရင်း စသည့်အရိပ်ရအပင်များ စိုက်ပျိုးထားသည့် ခြံများတွင် ကော်ဖီ၊ ကိုကိုးပင်များ စီမံချက်ဖြင့် စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့သည်။
Dec 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သက်ငယ်မဒိမ်းမှုများ မဖြစ်ပေါ်စေရေး ရှောင်ရန်အချက်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နားခါးအခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံ​တေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ အ.ထ.က (၂)၊ စာသင်ကျောင်းတွင် တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှုူး၍ အမျိုးသမီးများအား အကြမ်းဖက်မှုမှပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပွဲကို ဋ္ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (၂) မြို့မ၊ ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 04,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ ဥယျာဉ်ခြံများတွင် ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြပြီး ထွက်ရှိလာသော ကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချခြင်းဖြင့် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
Dec 04,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဒို့အတူ မဲပေးကြမယ် အသိပညာပေး သတင်းစကားလက်ကမ်းစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မြို့လယ်ခေါင် နာရီစင်နှင့် အေးမြသီတာဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး ၂၆၀၁၆ ဧက စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလနှောင်းပိုင်းတွင်  ၉၅၉၆ ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှအတွက် ၇၄.၀၆ တင်း ထွက်ရှိခဲ့ပြီး စုစုပေါင်းအထွက် ၇၁၀၆၅၇ တင်း ထွက်ရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Dec 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု မြေစိုက်ပိုစတာ (Billboard) စိုက်ထူပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ် (၄) ရပ်ကွက်၊ အောင်သီရိဈေးရှေ့၊ အမှတ် (၁) ရပ်ကွက်၊ မြို့မလမ်းဘေးနှင့် တံတား-စစ်တန်းလမ်းဆုံတို့တွင် ကျင်းပခဲ့သည်။