Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jun 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြု ဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ နှာခေါင်းစည်းများနှင့် ပညာပေးစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 05,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ထွေ/အုပ်၊ ကျန်းမာရေးနှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အပတ်စဉ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဗလမင်းထင် ကျောက်တိုင်အနီးရှိ နမ့်မိန်တံတားလမ်းဆုံ၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jun 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အနေဖြင့် ဂေဟစနစ်စုံလင်သော ပြည်နယ်တစ်ခုဖြစ်
Jun 05,2021
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် (၅) ရက် နံနက် (၉) နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ငဖဲမြို့ပေါ် လူစည်ကားသော နေရာများ တွင် နှာခေါင်းစည်း (mask) များအခမဲ့ဖြန့်ဝေ
Jun 05,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင် ရေး၊ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ငဖဲမြို့ပေါ်လူစည်ကားသော နေရာများဖြစ် သည့် ငဖဲမြို့မစျေး၊ လ္ဘက်ရည်ဆိုင်များ နှင့် ကျောင်းတွင်းရပ်ကွက်လမ်းဆုံတို့တွင် နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေခြင်း နှင့်ကျန်းမာရေးအသိပညာပေးခြင်းများကို ယနေ့နံနက် ၆ နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့ ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယနှင့် အစိုးရ ပါဠိ ပထမပြန်စာမေးပွဲ ဆက်လက် ကျင်းပ
Jun 05,2021
ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဓမ္မာစရိယနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ (၁၂)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားဝန်း ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဆက်လက် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Jun 05,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန် အတွက် ယမန်နေ့ နံနက်ပိုင်းက မြေနီကျေးရွာအုပ်စုသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်အတွက် စျေးရောင်းချသူများနှင့် စျေးဝယ်သူများ အား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း ဆောင်ရွက်
Jun 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး အတွက် လမ်းသွား လမ်းလာများ၊ စည်ပင်သာယာမြို့မစျေးကြီး စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေး အသိပညာပေး အရှိန်အဟုန်မြှင့်တင်ရေး လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယနေ့နံနက်၈နာရီက ကျောက်တိုင်မီးပွိုင့်လမ်းဆုံ၊ စည်ပင်သာယာ မြို့မစျေးရှေ့၊ ဆေးရုံရှေ့တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25052
Page
25053
Page
25054
Page
25055
Current page
25056
Page
25057
Page
25058
Page
25059
Page
25060
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department