အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့သည်။
Jun 05,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၅ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ်အတွင်း ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)အတွက် တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါရပ်နှင့် လျော်ညီသော ကျောင်းမြေနေရာသစ် ရှာဖွေပြောင်းရွှေ့နိုင်ရေး လျာထားမြေနေရာနှင့် မြို့တွင်းလမ်း တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Jun 05,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်ခဲ့သည်။
Jun 05,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သစ်တောဦးစီးဌာနမှ "ပတ်ဝန်းကျင်ရေရှည် တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့"ဆောင်ပုဒ်နှင့်အညီ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့ မြွေဟောက်ကျေးရွာ၊အားကစားကွင်း၌ကျင်းပပြုလုပ်သည်။
Jun 05,2021
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ တ/မြို့သစ်(၉)လမ်းရှိကရင်စာပေနှင့် ယဉ်ကျေးမှုကော်မ တီအတွင်းရေးမှုးနေအိမ်တွင် ခရိုင်အဆင့်စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အသစ်ပြန်လည် ဖွဲ့စည်းခြင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
Jun 05,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်း အတွင်းရှိ မနောအိမ်တော်၌ မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ် ကျေးမှုအသင်းနှင့် မျိုးနွယ်စု ကော်မတီဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုသုတေသနအဖွဲ့များနှင့် တွေ့ဆုံပြီး အားကစားပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
Jun 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မြို့သူမြို့သားများနှင့်ပြင်ပ အလှူရှင်များစု‌ ပေါင်း တည်ဆောက်သော မီးသင်္ဂြိုလ်စက် အလှူနှင့်မီးသင်္ဂြိုလ်စက်၊ ဇရပ်စသည်ဖြင့် လိုအပ်သည်များ ဆောက်လုပ်နိုင်ရန် အတွက်    တစ်ဦးတည်း မြေအလှူရှင် တို့အား     ရေစက်ချ ပရိတ်နာ အခမ်းအနား ကို ယနေ့နံနက် (၈)နာရီတွင် အဆိုပါ မီးသင်္ဂြိုလ် စက်တည်ဆောက်ရာ တောင်ကုန်းပေါ်ရှိ ဇရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။