Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘားအံမြို့တွင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားနှင့် ကဆုန်ညောင်ရေသွန်းပွဲကျင်းပ
May 27,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဓမ္မဝါသီကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော် မူသော ကမ္ဘာ့ကပ်ကျော် အောင်တော်မူစေတီတော်နှင့် အတုလဓမ္မာဘိသေကသိမ်တော်ကြီး၊ အထက(၃)ကျောင်းဝင်းအတွင်း ဆောက်လုပ်လှူဒါန်းထားသော ပညာရောင်ခြည်စာသင်ကျောင်း ဆောင် ရေစက်သွန်းချအလှူတော်မင်္ဂလာအခမ်းအနားကို မေလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဓမ္မဝါသီကျောင်းတိုက် စိန်ရတုဓမ္မဒါယာဒရွှေကျောင်းတော်ကြီး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့၌ ရပ်ကွက်(၆)ခုအား သောက်သုံးရေဖြန့်ဝေပေးသည့် ရေစင်ကြီး အသစ်ပြန်လည် တည်ဆောက်
May 27,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရပ်ကွက် (၆)ခုအား သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ရေစင်ကြီး အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို မေလ ၇ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံမှု ဆက်လက်လက်ခံ
May 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု သီတင်းပတ်၏ ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၊ နောင်ပလိန်ကျေးရွာ ဣစ္ဆာသယသဘာဝလိုဏ်ဂူတော် ဣစ္ဆာသယနဝရတ်စေတီတော် ရွှေထီးတော်တင်လှူပွဲအခမ်းအနားကျင်းပ
May 26,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၊ နောင်ပလိန်ကျေးရွာ ဣစ္ဆာသယလိုဏ်ဂူတော် ဣစ္ဆာသယနဝရတ်စေတီတော် ထီးတော်တင်လှူပွဲကို ယမန်နေ့ နံနက်ပိုင်းက ဣစ္ဆာသယလိုဏ်ဂူ ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ၌ ကျင်းပရာ ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ)ဥက္ကဋ္ဌ အမိတာရာမရဲကျောင်းဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရ၊ မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ၊ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဓမ္မပါလ၊ ဣစ္ဆာသယသဘာဝလိုဏ်ဂူဆရာတော်ဘဒ္ဒန္တဆန္ဒာဓိက အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်း နှင့် တပ်မတော်အရာရှိ စစ်သည်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ဖူးမျှော်ကြည်ညို၍ ရွှေထီးတော်ကို တင်လှူပူဇော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေစကြိုမြို့နယ် ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ အ.လ.က ကျောင်းတွင် ပန်းခင်းစီမံချက် ပူးပေါင်းဆောင်ရွက်
May 26,2021
ရေစကြိုမြို့နယ် ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ အ.လ.က ကျောင်းတွင် မေလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပန်းခင်း စီမံချက်ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်
May 26,2021
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) တွင် နှစ်စဉ်မြန်မာ့ရိုးရာ အစဉ်အလာ မပျက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ယမန်နေ့ ညနေ ၅ နာရီခန့်က ပခုက္ကူမြို့၊ အမှတ်၁ရပ်ကွက်၊ ဘုရားအနီးရှိ မဟာဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေ သွန်းလောင်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့ အခြေခံပညာကျောင်း၌ ကျောင်းအပ်နှံရေးသီတင်းပတ် စတင်ဆောင်ရွက်
May 26,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် မေလ(၂၄)ရက်နေ့မှစတင်၍ စုကလိမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမ်းဗြဲမြို့နယ်၌ ၂၀၂၁ - ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး
May 26,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ - ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စတင်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25123
Page
25124
Page
25125
Page
25126
Current page
25127
Page
25128
Page
25129
Page
25130
Page
25131
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department