အမြို့မြို့အနယ်နယ်သတင်းများ

May 27,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ဝန်ထမ်း၊ တောင်သူ စိုက်ပျိုးရေးဆိုင်ရာစွမ်းဆောင် ရည်မြှင့် တင်ရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက မြို့နယ်စိုက်မျိုးရေး ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အ.ထ.က(၁)လက်ပံတန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 27,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဝန်ထမ်းများသည်။ အုန်းချောကျေးရွာ အမှတ်(၇၆)ခြေလျင်တပ်ရင်းရှိ တပ်ရင်းတပ်ဖွဲ့ မိသားစုများအား အဆိုပါတပ်ရင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ပန်းခင်းစီမံချက်အဖြစ် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိသည်။
May 27,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
May 27,2021
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့တွင် မေ ၂၆ ရက် ညနေ ၅ နာခွဲအချိန်က ဆူးကုန်း ရပ်ကွက်၊ Café Angle ခေါက်ဆွဲကြော် အရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 27,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို (၃.၅.၂၀၂၁)မှ(၃.၁၁.၂၀၂၂) စီမံချက်ကာလာအထိ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
May 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မူဆယ်မြို့နယ်၊ မုံးကိုးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊‌ ရှေ့တန်းရုံးမှ မြို့ဦးစီးမှူး ဦးစောသာချမ်း ဦးဆောင်ပြီး ဝန်ထမ်းများက မေလ ၂၄ ရက်နေ့ နံနက်(၁၀)နာရီက မန့်ယန် ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 
May 27,2021
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေ၀င်း ဦးဆောင်၍ ပုသိမ်မြို့ ကန်သာယာကွင်း ရေပြင်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။