အမြို့မြို့အနယ်နယ်သတင်းများ

May 20,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
May 20,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မြို့နယ်အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ကျင်းပ သည်။
May 20,2021
ကိုဗစ်(၁၉)ရောဂါစတင်ဖြစ်ပွားစဥ်ကာလမှ ယခုနှစ် ဧပြီ ၂၈ရက်နေ့အထိ ခေတ္တယာယီ ပိတ်ထားခဲ့ရသော ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာမြို့သစ် (၁၀)လမ်းထိပ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော
May 20,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၆−၂၀၁၇ခုဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ သည့်မင်းလမ်းကူး မြစိမ်းရောင် စီမံကိန်း ကျေးရွာ မှ ရရှိလာသောအတိုးငွေနှင့် ပြည်သူလုပ်အား ထည့်ဝင်မှုဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်း ပြီးစီးမှု အခြေအနေကို ခေတ္တမြို့နယ် ဦးစီးမှူးနှင့် အဖွဲ့မှ မေလ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ကွင်း ဆင်း စစ်ဆေးခဲ့ ကြောင်း သိရ ပါသည်။
May 20,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ကြာအင်းကုန်းကျေးရွာအုပ်စုရှိ ကျောက်တံခါး မြို့နယ်နှင့် ဖြူးမြို့နယ်သို့ ဆက်သွယ်ထားသော ကွန်းချောင်း တံတားအား သံကူကွန်ကရစ်တံတားအဖြစ် အသစ်တည်ဆောက်နေကြောင်း သိရသည်။
May 20,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၊ ပိတောက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
May 20,2021
ပဲခူးမြို့နယ် အိုးဘိုကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာတွင် မေ ၂၀ ရက် နံနက် ၈နာရီခွဲက ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ၁၁/၀.၄‌KV၊ (၂၀၀) KVA ဓာတ်အားခွဲရုံ(၁)ရုံနှင့် ၁၁KVဓာတ်အားလိုင်း(၁၀၈၀)ပေအား 10M Concrete Pole, ACSR 95mm2ဖြင့် လက်ရှိ(၄၀၀)ဗို့လိုင်းနှင့် နှစ်ထပ်လိုင်းပြုလုပ် တိုးချဲ့ဆောင်ရွက်ပြီးစီးခဲ့သဖြင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။