အမြို့မြို့အနယ်နယ်သတင်းများ

May 20,2021
မွန်ပြည်နယ်  မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထား ရှိမှုအား   တာဝန်ရှိသူများက ယနေ့နံနက်၉နာရီက  မုဒုံမြို့ပေါ်ရှိ  အခြေခံပညာကျောင်းများ၌ ကွင်းဆင်း စစ်ဆေးဆောင်ရွက်​​ကြောင်း သိရသည်။
May 20,2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ‌အောင်ကျော်မင်းသည် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် မှန်စီသုဿန်အတွင်း အမှိုက်ကျင်းမြေနေရာ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် လက်ပံကြီးတောကျေးရွာသည် ကောလင်း-ဝန်းသို ကျေးရွာ ချင်းဆက် လမ်းဘေးတွင်တည်ရှိပြီး နန်းလှိုင်းဆည်ကို အမှီပြု၍ သီးနှံမျိုးစုံ စိုက်ပျိုလျက်ရှိရာ  စပါးရိတ်သိမ်းပြီး လယ်ကွက်များတွင် နွေရာသီပေါ် ပန်းဂေါ်ဖီကို စမ်းသပ် စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
May 20,2021
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်တွင် ယနေ့နံနက်(၄)နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
May 20,2021
သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၄၀၀၀၀)ပင်ကို ပျိုးထောင်ပြီးစီးကြောင်း သိရသည်။
May 20,2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို  ကြည့်ရှုစစ်ဆေးကြသည်။
May 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာ၊ သဖန်းကိုင်း ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ (အခမဲ့) ကွန်ပျူတာ သင်တန်းဖွင့်လှစ်ရန်အတွက် သင်တန်းသား၊ သင်တန်းသူများ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။