အမြို့မြို့အနယ်နယ်သတင်းများ

May 11,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
May 11,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့် ကျေးလက်ကုန်ထုတ် လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာ အကူအညီများ ရရှိစေရန် ရည်ရွယ်၍ ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာစက်ချုပ် သင်တန်းကို အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထန်းတပင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
May 11,2021
၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပေါက်နွယ်ခြုံကျေးရွာအုပ်စု သံပုရာပင်ကျေးရွာ ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို မေ ၁ ရက် နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
May 11,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပညာရေးဌာနဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများကို စုပေါင်းပြုလုပ်ခဲ့ ကြသည်။
May 11,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ သာယာကုန်းကျေးရွာ၊ ညောင်ရွာငယ် ကျေးရွာ၊ ပေါက်တော ကျေးရွာနှင့် ဓာတ်ကုန်းကျေးရွာ တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်
May 11,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ရွေးနဒီခန်းမ၌ ယမန်နေ့ညနေ ၁၅နာရီ အချိန်က ကျင်းပပြုလုပ်သည်။