အမြို့မြို့အနယ်နယ်သတင်းများ

Aug 10,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စဉ့်ပါကျေးရွာတွင် အမှတ် (၆) လယ်ယာ မြေဝန်ဆောင်မှုစခန်းနှင့် ဝက်လက်မြို့ ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှု အသင်းတို့ ပူးပေါင်း ၍ တောင်သူ ဦးမိုး၏ လယ်ဧကများကို အစိုပျိုးထောင်စနစ်ဖြင့် ပျိုးထောင်ကာ ယနေ့ နံနက်ပိုင်း မှစ၍ ကောက်စိုက်စက်ဖြင့် စတင် စိုက်ပျိုးကြောင်း သိရသည်။
Aug 10,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထားသည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံများသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ ယမန်နေ့ နေလယ်ပိုင်းက နယ်မြေကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ကျန်းမာရေး ဝန်ထမ်းများသည် ကိုဗစ်ကာလအတွင်း ယာယီရပ်နားထားခဲ့သော
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၀-ပြည့်နှစ်၊ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုအ‌ပေါ် ကုစားရေးအစီအစဉ်အရ (CERP) ဖြင့် မိုးစပါး မျိုးသန့်မျိုးစေ့ထုတ် အစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 10,2020
မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် စပါးမျိုးစေ့ထုတ်ဧက ၂ ဆ နီးပါးမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Aug 10,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးဆောင် တောင်သူများ တက်ရောက်သည့် တောင်သူဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အပတ်စဉ် (၁၄) Contact Farmar Training (TOT)ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။