အမြို့မြို့အနယ်နယ်သတင်းများ

Jan 29,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ နောင်ကိုင်တော်ရပ်ကွက်၊ ဘူတာစုနေ၍ မီးရထားပေါ် ဈေးရောင်းသူ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ယမန်နေ့ ညနေ ၄ နာရီခန့်တွင် မိုးကောင်း ဘူတာသို့ ပြန်ရောက်စဉ် အနံ့ပျောက်သဖြင့် မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဓါတ်ခွဲနမူနာ စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
Jan 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရွှေမင်းသား ဖောင်ဒေရှင်း (မြန်မာ)မြောင်းမြရုံးခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆံဆွေးနွေးပွဲကို ယနေ့နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 29,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်​နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် နွေစပါးစိုက်ပျိုးမည့် အကျိုးဆောင် တောင်သူများအား မျိုးစပါး(၂၄၀)တင်း ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က သမ္ဘာန်ကျေးရွာ နည်းပညာပြန့်ပွား ရေး စင်တာ၌ ဆောင်ရွက်ခဲ့သည်။
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ အများပြည်သူသို့ အသိပညာပေး မျှဝေခြင်း လုပ်ငန်းများဖြစ်သည့် ပိုစတာများဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့၊ နံနက်ပိုင်း အချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့ ရပ်ကွက်များ၌ ဖြန့်ဝေခဲ့သည်။